Tuesday, March 14, 2017

ပီယ အမျက်ဖြေ အချစ်မြဲစေ....!!!

ဒီနည်းကို တိတိကျကျလေး တွက်ယူပြီးမှလုပ်ဆောင်ရင် ပိုပြီးကောင်းပါတယ် ... ဒီမှာတော့ ခပ်လွယ်လွယ်အသုံးပြုနိုင်ဖို့ အလွယ်ဆုံးနည်းလမ်းအဖြစ်လောက်သာတင်ပြလိုက်ပါတယ် ....

ပီယဓာတ်
_________
မိမိရဲ့မျက်နှာအပြည့် ပြုံးနေတဲ့ဓာတ်ပုံတစ်ပုံကို ပလတ်စတစ်ကဒ်လောင်းပါ ... ပြီးရင် အကြွေပန်းကန်တစ်ချပ်ထဲ ထည့် အပေါ်ကနေ စံပယ်ပန်းပွင့်ကလေးတွေနဲ့ဖုံးအုပ်မိအောင်ဖုံး၊ အဲ့ဒီအပေါ်ကနေ ကျောက်စရစ်ခဲကြီးကြီးတစ်လုံးဖိတင်၊ ဒါက ဓာတ်ဆင်မှုအပိုင်း .... ဓာတ်ရိုက်ပုံကတော့ အင်္ဂါနေ့ရောက်တိုင်း ဓာတ်ပုံကိုရေမွှေးပက်ဖျန်းပြီး ကျောက်ခဲပေါ်ဖယောင်းတိုင် အနီတစ်တိုင်ထွန်းပေးရပါမယ် .... ဒါဟာ ပီယဓာတ်ရရှိအောင်လုပ်ဆောင်တဲ့နည်းပါ ...

အမျက်ဖြေ
__________
အင်္ဂါနေ့ မနက် ၆း၆ မှာ အမျက်ထားနေသူရဲ့ဓာတ်ပုံကို ဓာတ်ဘူးထဲထည့်၊ ဓာတ်ဘူးကိုလုံအောင်ပိတ်၊ မိမိသုံးနေကျလက်ကိုင်ပုဝါနဲ့ပတ်ချည်၊ ပြီးတာနဲ့ ဓာတ်ဘူးကိုပွေ့ပိုက်၊ အရှေ့အရပ်ကိုမျက်နှာမူ ... မျက်လုံးစုံမှိတ်ရင်း အမျက်ရှိသူရဲ့နာမည်ကို ၃၇ ခေါက်နှုတ်မှရွတ်ဆိုပါ ... ပြီးရင် ဓာတ်ဘူးကို စားပွဲတစ်လုံးပေါ်တင်ထားလိုက်ပါ ...

အချစ်မြဲစေ ..
___________

အင်္ဂါနေ့ နေမွန်းတည့်ချိန်လေးမှာ အရိပ်ကောင်းတဲ့သစ်ပင်ကြီးတစ်ပင်ရဲ့အမြစ်ဆုံပေါ်မှာ ချစ်သူနှစ်ဦးဘေးခြင်းယှဉ်ထိုင်ရင်း စတီးချိုင့်အတွင်းထည့်ယူလာတဲ့ ကြာဇံကြော်ကို ကြွေဇွန်းနဲ့ခပ်ပြီး တစ်ဦးနဲ့တစ်ဦး အပြန်အလှန်ခွံ့ကျွေးပါ ...

Credit - online အခမဲ့ဗေဒင်


Taxi ဆွဲသူများ အတွက် ဘေးရန်ကင်းပြီးလာဘ်လာဘရွှင်စေဖို့ယတြာ

ယခုခေတ် မြန်မာနိုင်ငံမှာ taxi တွေကလည်းပေါ် ကိုင်ပိုင်ကားတွေကပေါ်ဆိုတော့ ယာဉ်တိုက်မှု တွေကလည်းများ taxi သမားတွေအတွက်လည်းခရီးသည်တွေကရှားလာတယ်
အဲ့လို ယာဉ်အန္တရာယ်ကလည်းကင်း မိမိကားကို ခရီးသည် များများ ရအောင်ယတြာ ဖော်ပြလိုက်ပါတယ်
ဦးစွာနေ့စဉ်ကားခေါင်းမှာ ဂန္ဒာမာပန်း၃ပွင့်ထိုးထားပါ ကားမထွက်ခင် ပရိကြီး၁၁သုတ်ကိုဖွင့်ထားပါ ပြီးရင် အနီးဆုံးပန်းဆိုင်မှာ ငွေပန်းဝယ်ပြီးချိတ် ထားလိုက်ပါ
taxi ဆွဲကောင်းပြီးဘေးအန္တရာယ်လည်းကင်းမည်ဖြစ်သည်


Credit - Jame smith


အတွင်းသန္ဓေဓါတ် ရှိမရှိ ဆန်းစစ်နည်း

အတွင်းသန္ဓေဓါတ် ရှိမရှိ ဆန်းစစ်နည်း


    လူတယောက်မှာ လောကီပညာရပ်များ လေ့လာလိုက်စားတဲ့အခါမှာ ကိုယ့်ရဲ့ကိုယ်တွင်းမှာ အတွင်းသန္ဓေဓါတ်ရှိမရှိ ဆန်းစစ်ကြည့်ချင်တာ လူတိုင်းလိုလို ဖြစ်ပါတယ်။
    အခု အစီအရင်က မှော်ပညာနဲ့ ပတ်သတ်ပြီး ကိုယ့်မှာ ပါရမီဓါတ်ခံပါသလား၊ ကိုယ့်ရဲ့ကိုယ်တွင်းမှာ အတွင်းသန္ဓေဓါတ် ရှိမရှိကို ဆန်းစစ်လေ့လာနိုင်သလို ကိုယ်ဟာ စုန်းကဝေအရာမှာရော ဝမ်းတွင်းပါတစ်ယောက်လား၊ အတွင်းသန္ဓေဓါတ် ခိုင်မာမှုရှိရဲ့လားဆိုတာကို ဆန်းစစ်နိုင်ပါတယ်။ 
အခုနည်းလမ်းက မှော်ပညာ၊ စုန်းကဝေပညာတို့နဲ့ ပတ်သတ်ပြီး အတွင်းသန္ဓေဓါတ်ခံရှိမရှိ ဆိုတာကိုသာ ဆန်းစစ်ကြည့်နိုင်ပါလိမ့်မယ်။ တခြားဂမ္ဘီရပညာရပ်များနဲ့ ပတ်သတ်လို့တော့ မရနိုင်ပါ။
ဟုတ်တယ်ဆိုရင်တော့ ဆက်လုပ်စရာ မလိုတော့ပါဘူး။ အခု ဖယောင်းတိုင်ကို သုံးစွဲပြီးရင် မြင့်မြတ်တဲ့သစ်ပင်တစ်ပင်အောက်မှာ မြေကျင်းတူးပြီး မြုပ်နှံပေးရပါမယ်။ 
ကဲ… စတင် ဆန်းစစ်ကြည့်ပါမယ်၊ ကိုယ့်မှာ မှော်ပညာနဲ့ ပတ်သတ်လို့ အတွင်းသန္ဓေဓါတ်ရှိမရှိဆိုတာကို စတင် ဆန်းစစ်မယ်ဆိုရင်-
အရင်ဆုံး ကိုယ်လက်သန့်ရှင်းအောင် ပြုလုပ်ထားပါ။ စိတ်ကိုလည်း ဘယ်ကိုမှ အာရုံမပြန့်လွင်စေအောင် စုစည်းထားပါ။ စိတ်တည်ငြိမ်ပြီဆိုမှ အဖြူရောင်ဖယောင်းတိုင် အရှည်တစ်ချောင်းကို ညအချိန်မှာ ကိုယ့်ကို ဘယ်သူမှ မနှောင့်ယှက်နိုင်တဲ့ ကိုယ်တစ်ဦးတည်း အစီအရင်လုပ်ဆောင်နိုင်တဲ့နေရာမှာ မီးထွန်းညှိလိုက်ပါ။ 
ပြီးရင် အဲ့ဒီဖယောင်းတိုင်ရဲ့ မီးတောက်နေရာကို (၁၀)စက္ကန့်လောက် စူးစိုက်ကြည့်ပေးပါ။ စူးစိုက်ကြည့်ပြီးတဲ့အခါမှာ ကိုယ့်ရဲ့အသံကို ခပ်မြင့်မြင့် တင်လိုက်ပြီး-
“ ငါ့မှာ မှောပညာ သန္ဓေပါလာသလား..။
ငါ့မှာ စုန်းကဝေ သန္ဓေပါလာသလား..။
ငါ့မှာ မှော်ပညာ သန္ဓေပါလာသလား..။
ငါ့မှာ စုန်းကဝေ သန္ဓေပါလာသလား..။
ငါ့မှာ မှော်ပညာ သန္ဓေပါလာသလား..။
ငါ့မှာ စုန်းကဝေ သန္ဓေပါလာသလား..။” ဆိုတာကို ကိုယ့်ရဲ့ လက်ရှိရောက်ရှိနေတဲ့ အသက်ရဲ့နှစ်ပြန် နှစ်ဆ ရွတ်ဆိုပေးရပါမယ်။
(၁၆) နှစ်ဆို (၃၂)ကြိမ်၊ အသက်(၂၀)ဆိုလျှင် အကြိမ်(၄၀) ရွတ်ဆိုပေးရမှာ ဖြစ်ပါတယ်။ အသက်အရွယ်မရွေး လုပ်ဆောင်ကြည့်နိုင်ပါတယ်။ 
အထက်ဖော်ပြပါအတိုင်း ရွတ်ဆိုပေးချိန်မှာ ဖယောင်းတိုင်ရဲ့မီးတောက်ကိုလည်း ဂရုစိုက်ကြည့်နေပေးပါ။ ကိုယ်ရွတ်နေတဲ့အချိန်မှာ ဖယောင်းတိုင်ရဲ့မီးတောက်မီးလျှံဟာ ပိုမိုပြီး မှော်အတတ်၊ စုန်းကဝေ အတတ်တို့မှာ အတွင်း သန္ဓေဓါတ်ပါတယ်လို့ ယူဆနိုင်ပါတယ်။
ဒီလိုမှမဟုတ်ရင်တော့ သင့်မှာ မှော်၊ စုန်းကဝေအတတ်တို့နဲ့ ပတ်သတ်လို့ အတွင်းသန္ဓေဓါတ်ခံ ပါမလာဘူးလို့ ယူဆရပါလိမ့်မယ်။ အလွယ်ဆုံး ဆန်းစစ်ကြည့်နိုင်တဲ့နည်းဖြစ်ပြီး တစ်ညမှာ တစ်ကြိမ်သာ လုပ်ဆောင်ရပါမယ်။ ဒီလိုမျိုး(၃)ရက်တိုင်တိုင် ဆန်းစစ်ကြည့်နိုင်ပါတယ်။ 
ဒီလို(၃)ရက်ဆန်းစစ်ပြီးရင် နောက်(၆)လနေမှ တစ်ခါပြန်လည်ဆန်းစစ်ကြည့်ရပါလိမ့်မယ်။ တကယ်လို့ ပထမအကြိမ်မှာ မအောင်မြင်ဘူးဆိုရင်လည်း စိတ်ဓါတ်ကျစရာတော့ မလိုပါဘူး။
ဘာလို့လဲဆိုတော့ ကိုယ့်မှာ မှော်ပညာနဲ့ပတ်သတ်လို့ အတွင်းသန္ဓေရှိပေမယ့် တစ်ခါတရံမှာ တိမ်မြုပ်နေတာမျိုး၊ ပထမအကြိမ် ဆန်းစစ်စဉ်မှာ မပေါ်တာမျိုး ဖြစ်ကောင်း ဖြစ်နိုင်ပါကြောင်းတင်ပြပေးလိုက်ပါတယ်။


Credit - sixsense magazine


ပီယ လက်ဖွဲ့စီရင်နည်း

ငွေပြားကိုမိန်းမနုဖူးပေါ်မှာမအရ ရေးပြီးရင် လိပ်ဂါထာစုတ် ဥုံဗုဒ္ဓေါဂစ္ဆတိမမပူရတော ပဉ္စဗုဒ္ဓါမမသိသေငှိတောာ ဥုံဓဇဂ္ဂပရိတ္တံ မံရက္ခန္တုကို၃၇ခေါက်မန်း နှုတ်ငုံစကားပြောသေ ကင်းမှလွတ်၏။ လူချစ်လူခင်များ၏

Credit - Saw Sea