အတွင်းသန္ဓေဓါတ် ရှိမရှိ ဆန်းစစ်နည်း
လူတယောက်မှာ လောကီပညာရပ်များ လေ့လာလိုက်စားတဲ့အခါမှာ ကိုယ့်ရဲ့ကိုယ်တွင်းမှာ အတွင်းသန္ဓေဓါတ်ရှိမရှိ ဆန်းစစ်ကြည့်ချင်တာ လူတိုင်းလိုလို ဖြစ်ပါတယ်။
အခု အစီအရင်က မှော်ပညာနဲ့ ပတ်သတ်ပြီး ကိုယ့်မှာ ပါရမီဓါတ်ခံပါသလား၊ ကိုယ့်ရဲ့ကိုယ်တွင်းမှာ အတွင်းသန္ဓေဓါတ် ရှိမရှိကို ဆန်းစစ်လေ့လာနိုင်သလို ကိုယ်ဟာ စုန်းကဝေအရာမှာရော ဝမ်းတွင်းပါတစ်ယောက်လား၊ အတွင်းသန္ဓေဓါတ် ခိုင်မာမှုရှိရဲ့လားဆိုတာကို ဆန်းစစ်နိုင်ပါတယ်။
အခုနည်းလမ်းက မှော်ပညာ၊ စုန်းကဝေပညာတို့နဲ့ ပတ်သတ်ပြီး အတွင်းသန္ဓေဓါတ်ခံရှိမရှိ ဆိုတာကိုသာ ဆန်းစစ်ကြည့်နိုင်ပါလိမ့်မယ်။ တခြားဂမ္ဘီရပညာရပ်များနဲ့ ပတ်သတ်လို့တော့ မရနိုင်ပါ။
ဟုတ်တယ်ဆိုရင်တော့ ဆက်လုပ်စရာ မလိုတော့ပါဘူး။ အခု ဖယောင်းတိုင်ကို သုံးစွဲပြီးရင် မြင့်မြတ်တဲ့သစ်ပင်တစ်ပင်အောက်မှာ မြေကျင်းတူးပြီး မြုပ်နှံပေးရပါမယ်။
ကဲ… စတင် ဆန်းစစ်ကြည့်ပါမယ်၊ ကိုယ့်မှာ မှော်ပညာနဲ့ ပတ်သတ်လို့ အတွင်းသန္ဓေဓါတ်ရှိမရှိဆိုတာကို စတင် ဆန်းစစ်မယ်ဆိုရင်-
အရင်ဆုံး ကိုယ်လက်သန့်ရှင်းအောင် ပြုလုပ်ထားပါ။ စိတ်ကိုလည်း ဘယ်ကိုမှ အာရုံမပြန့်လွင်စေအောင် စုစည်းထားပါ။ စိတ်တည်ငြိမ်ပြီဆိုမှ အဖြူရောင်ဖယောင်းတိုင် အရှည်တစ်ချောင်းကို ညအချိန်မှာ ကိုယ့်ကို ဘယ်သူမှ မနှောင့်ယှက်နိုင်တဲ့ ကိုယ်တစ်ဦးတည်း အစီအရင်လုပ်ဆောင်နိုင်တဲ့နေရာမှာ မီးထွန်းညှိလိုက်ပါ။
ပြီးရင် အဲ့ဒီဖယောင်းတိုင်ရဲ့ မီးတောက်နေရာကို (၁၀)စက္ကန့်လောက် စူးစိုက်ကြည့်ပေးပါ။ စူးစိုက်ကြည့်ပြီးတဲ့အခါမှာ ကိုယ့်ရဲ့အသံကို ခပ်မြင့်မြင့် တင်လိုက်ပြီး-
“ ငါ့မှာ မှောပညာ သန္ဓေပါလာသလား..။
ငါ့မှာ စုန်းကဝေ သန္ဓေပါလာသလား..။
ငါ့မှာ မှော်ပညာ သန္ဓေပါလာသလား..။
ငါ့မှာ စုန်းကဝေ သန္ဓေပါလာသလား..။
ငါ့မှာ မှော်ပညာ သန္ဓေပါလာသလား..။
ငါ့မှာ စုန်းကဝေ သန္ဓေပါလာသလား..။” ဆိုတာကို ကိုယ့်ရဲ့ လက်ရှိရောက်ရှိနေတဲ့ အသက်ရဲ့နှစ်ပြန် နှစ်ဆ ရွတ်ဆိုပေးရပါမယ်။
(၁၆) နှစ်ဆို (၃၂)ကြိမ်၊ အသက်(၂၀)ဆိုလျှင် အကြိမ်(၄၀) ရွတ်ဆိုပေးရမှာ ဖြစ်ပါတယ်။ အသက်အရွယ်မရွေး လုပ်ဆောင်ကြည့်နိုင်ပါတယ်။
အထက်ဖော်ပြပါအတိုင်း ရွတ်ဆိုပေးချိန်မှာ ဖယောင်းတိုင်ရဲ့မီးတောက်ကိုလည်း ဂရုစိုက်ကြည့်နေပေးပါ။ ကိုယ်ရွတ်နေတဲ့အချိန်မှာ ဖယောင်းတိုင်ရဲ့မီးတောက်မီးလျှံဟာ ပိုမိုပြီး မှော်အတတ်၊ စုန်းကဝေ အတတ်တို့မှာ အတွင်း သန္ဓေဓါတ်ပါတယ်လို့ ယူဆနိုင်ပါတယ်။
ဒီလိုမှမဟုတ်ရင်တော့ သင့်မှာ မှော်၊ စုန်းကဝေအတတ်တို့နဲ့ ပတ်သတ်လို့ အတွင်းသန္ဓေဓါတ်ခံ ပါမလာဘူးလို့ ယူဆရပါလိမ့်မယ်။ အလွယ်ဆုံး ဆန်းစစ်ကြည့်နိုင်တဲ့နည်းဖြစ်ပြီး တစ်ညမှာ တစ်ကြိမ်သာ လုပ်ဆောင်ရပါမယ်။ ဒီလိုမျိုး(၃)ရက်တိုင်တိုင် ဆန်းစစ်ကြည့်နိုင်ပါတယ်။
ဒီလို(၃)ရက်ဆန်းစစ်ပြီးရင် နောက်(၆)လနေမှ တစ်ခါပြန်လည်ဆန်းစစ်ကြည့်ရပါလိမ့်မယ်။ တကယ်လို့ ပထမအကြိမ်မှာ မအောင်မြင်ဘူးဆိုရင်လည်း စိတ်ဓါတ်ကျစရာတော့ မလိုပါဘူး။
ဘာလို့လဲဆိုတော့ ကိုယ့်မှာ မှော်ပညာနဲ့ပတ်သတ်လို့ အတွင်းသန္ဓေရှိပေမယ့် တစ်ခါတရံမှာ တိမ်မြုပ်နေတာမျိုး၊ ပထမအကြိမ် ဆန်းစစ်စဉ်မှာ မပေါ်တာမျိုး ဖြစ်ကောင်း ဖြစ်နိုင်ပါကြောင်းတင်ပြပေးလိုက်ပါတယ်။
Credit - sixsense magazine
Tuesday, March 14, 2017
အတွင်းသန္ဓေဓါတ် ရှိမရှိ ဆန်းစစ်နည်း
Location:
Yangon, Myanmar
Subscribe to:
Post Comments (Atom)
The first casino to launch on the market outside US?
ReplyDeleteOnline fun88 vin casino giant Betway has 퍼스트카지노 announced it is launching a standalone iGaming platform 제왕카지노 with the launch of a new mobile sports betting app. While